ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျမတို့ဒေသရှိ ဘန်မွမ်းကျေးရွာက ထိုင်းစာသင်ကျောင်းတစ်ခု ကမ္ဘာ့ HIV/AIDS နေ့ကို ဒေသခံ အင်ဂျီအိုအဖွဲ့အစည်းများ နှင့် ထိုင်းအစိုးရအဖွဲ့များပူးပေါင်းကျင်းပခဲ့ကြပါတယ်။ အဲဒီအခမ်း အနားကို ကျမတို့လည်း သွားရောက်ပါဝင်ခဲ့ကြတယ်၊ အခမ်းအနားအစီအစဉ်တွေကတော့ ခရိုင်ကျန်းမာရေး ၀န်ကြီးမှ အဖွင့်မိန့်ခွန်းပြောပြီးနောက် ထိုင်း၊ မြန်မာ အဆို အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ အဲဒီ နောက်မှာတော့ အခမ်းအနားကိုတက်ရောက်လာတဲ့ ထိုင်း၊ မြန်မာ ကျောင်းသူကျောင်းသားများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ အစိုးရ၀န်ထမ်းများ၊ အင်ဂျီအိုဝန်ထမ်းများ က အေက်(စ်)နဲ့ပတ်သက်နဲ့ မေးခွန်း အမေး အဖြေများပြုလုပ်ပြီး အမှတ်တရလက်ဆောင်များပေးကြပါတယ်။ အဲဒီထဲမှာ ကျမလည်း မေးခွန်းဖြေနိုင်လို့ မျက်နှာသုတ်ပုဝါတစ်ထည်ရလာတယ်...... ။
Image and video hosting by TinyPic


နိုဝင်ဘာလ ၂၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်း အနားကို ကျမတို့ဒေသမှာ ကျင်းပတဲ့အတွက်ကြောင့် ကျမလည်းသွားရောက်ပါဝင်ခဲ့ပါတယ်။ အခုလိုမျိုး ကျမ တို့ဒေသမှာ အမျိုးသမီးများနဲ့ပတ်သက်ပြီး၊ အခွင့်အရေးအကြောင်း၊ အကြမ်းဖက်မှုပပျောက်ရေး အကြောင်း စတာတွေကို အဖွဲ့အစည်းအသီးသီးမှ အခြေခံလူထုများဖြစ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ပညာပေး နိုင်ခြင်းဟာ မြန်မာအလုပ်သမားများရဲ့ပတ်ဝန်းကျင်မှာ အသိပညာအလွန်ပျံ့ပွားစေပြီး စိတ်ပိုင်းဆိုင်ရာပြောင်း လဲလာခြင်း၊ ကိုယ်ပိုင်းဆိုင်ရာအမူအကျင့်များပြောင်းလဲလာခြင်းကို ကျမတို့တွေ့ကြရမည်ဖြစ်တယ်။


Image and video hosting by TinyPic


နေသာတဲ့နေ့တွေဆို ညနေတိုင်းလိုလို ကမ်းခြေဘက်ကို သွားလေ့ရှိတယ်။ အိမ်နဲ့လည်းသိပ်မဝေးဘူး၊ ရှင်းရှင်းပြော ရ ရင် ပင်လယ်ပြင်ရဲ့အရှေ့မှာ ကျမတို့နေတဲ့တိုက်တန်း လျားတွေတည်ရှိနေတယ်။

တကယ်တမ်းကျတော့ ပင်လယ်ကိုသိပ်ကြိုက်တာမဟုတ် ဘူးလေ၊ ပင်လယ်ပြင်ကြီးကိုတွေ့တိုင်း စိတ်ထဲထိတ်လန့် နေမိတယ်။ သူဟာ အပြစ်မရှိသလိုနေတတ်ပေမယ့် အဆ မတန် လူသားများရဲ့အသက်သွေးတို့ကိုဝါးမျိုသွားခဲ့ဖူးတာ ကို ကျမစိတ်ထဲစွဲနေတယ်။ ဒါကြောင့်မို့ သူ့ရှေ့ကိုရောက်တိုင်း သူ့ရဲ့အပြစ်တွေကို ပြန်လည်သတိရနေတတ်တယ်။


တခါတလေတော့လည်း ညနေဆည်းဆာနဲ့အတူ သူဟာအလွန်ကြည်လင်တောက်ပပြီး ဆိတ်ငြိမ်ခြင်းများကိုပါ ပေးနိုင်ရှိတယ်။ သူတပါးတို့ စိတ်ပြေလက်ပျောက်၊ စိတ်၏ထွက်ပေါက်များကို သူ့ဘက်ကပေးနိုင်စွမ်းရှိနေတယ်။ ဒါကြောင့် နေသာတဲ့ညနေဘက်တွေဆို သူ့ဆီကိုရောက်သွားလေ့ရှိတာ။


အေးဆေးငြိမ်သက်တဲ့ဆည်းဆာချိန်လေးမှာ တောင်တွေးမြောက်တွေး၊ အကြောင်းအရာမျိုးစုံကိုပြောကြရင်း ပင် လယ်ပြင်ကြီးနဲ့အတူ မှောင်မိုက်ခြင်းကိုရင်ဆိုင်ခဲ့ကြတယ်။ ထို့နောက် အားလုံးကိုနှုတ်ဆက်ကာ ကျောခိုင်းခဲ့တာ ပေါ့။



Image and video hosting by TinyPic
















3-4/10/2009 ရက်နေ့က အခြေခံလူ့အခွင့်အရေးကြေငြာစာတမ်းကို ထိုင်း-မြန်မာနှစ်ဘာသာလုံးနားလည်ရန် ရွှေ့ပြောင်းအလုပ်သမားထုကိုယ်စားလှယ်များကို သင်တန်းပို့ချပေးနေစဉ်။














14-15/11/2009 ရက်နေ့က အခြေခံဥပဒေ (ရာဇ၀တ်မှု နှင့် တရားမမှု) ကို ထိုင်း-မြန်မာနှစ်ဘာသာလုံးနား လည်ရန် ရွှေ့ပြောင်းအလုပ်သမားထုကိုယ်စားလှယ်များကို သင်တန်းပို့ချပေးနေစဉ်။














စကားပြန်လုပ်ရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများစွာပေါ်ခဲ့ပါတယ်၊ အဲဒါဘာလဲဆိုတော့ မိမိပြန်ဆိုတဲ့ ဘာသာ စကားကိုသော်လည်းကောင်း၊ သင်တန်းအကြောင်းအရင်းကိုသော်လည်းကောင်း သင်တန်းတက်ရောက်လာသူ ရွှေ့ပြောင်းအလုပ်သမားများ တိတိကျကျရှင်းရှင်းလင်းလင်း နားမလည်မှာစိုးရိမ်မိတယ်။ ကိုယ်နားလည်သလို သူ တပါးက နားမလည်ဘူးဆိုရင် မိမိရဲ့လုပ်ဆောင်ချက်တွေဟာ အကျိုးမထိရောက်နိုင်ဘူး။

တချိန်တည်းမှာပဲ စကားပြန်လုပ်နေရင်း ဘာသာပါပြန်ရသေးတယ်၊ ထိုင်းစာကနေ မြန်မာစာဖြစ်အောင်ပေါ့လေ။ A4 တစ်မျက်နှာကို ၂ မိနစ်အတွင်း ပြီးအောင်ပြန်ပေးပါတဲ့၊ သိပ်တော်တဲ့ကောင်မလေးလို့ ထင်နေကြမှာပဲ၊ ချွေး ဘယ်တစ်လုံး၊ ညာတစ်လုံးရွဲပြီး မျက်စိတွေပြာသွားတာပဲ။ ကိုယ့်ဟာကို အိမ်မှာခေါင်းအေးအေးနဲ့ပြန်တာတောင် ၂ မိနစ်နဲ့ A4 တစ်ရွက်မပြီးနိုင်တဲ့ဥစ္စာကို။ အင်း ............

နောက်တစ်ခုကတော့ မိမိစကားပြန်နေတဲ့အချိန်မှာ အသေချာနားထောင်ခြင်းမရှိဘဲနဲ့ သူများရယ်စရာတွေပြော တဲ့အခါ၊ လေးနက်တဲ့အကြောင်းအရာတွေပြောတဲ့အခါမျိုးမှာ တစ်ယောက်ယောက်ကလက်ထောင်ကာ “ဘာလဲ၊ ဘာပြောတာလဲ” လို့ပြန်မေးတတ်တဲ့လူ။ ပြီးတော့ မိမိကမြန်မာလိုမခေါ်တတ်တဲ့စကားလုံးဆိုရင် သင်တန်းသူ၊ သားတွေကိုပြန်မေးလေ့ရှိတယ်၊ အဲဒါကို စိတ်မရှည်၊ လက်မရှည်မဲ့ရွဲ့ကာပြန်ပြောတဲ့လူတွေကလည်းရှိ။

အကြောင်းအရာသိပ်လေးနက်လာရင် အမှားပါမှာသိပ်စိုးရိမ်မိခဲ့တယ်။ ဒါပေမယ့်လည်း မဖြစ်မနေမှားဖြစ်အောင် မှားလိုက်သေးတယ်။ အဲလိုအခါမျိုးမှာဆိုရင် စိတ်ပါလွင့်ထွက်သွားပါတော့တယ်။ စိတ်တင်မကဘူး၊ လူပါထွက် ပြေးချင်စိတ်ပေါက်လာတယ်။ သို့သော်လည်း ရည်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ချက်ချင်းပြန်သတိသွင်းလိုက်ရတာ ပေါ့။ နို့မို့ ကိုယ့်လူမျိုးတွေအတွက် အခွင့်အရေးတွေဆုံးရှုံးသွားမှာလေ။

ဒီအလုပ်ကိုမကြိုက်တာ အမှန်ပါ၊ သို့သော် ဘ၀အခြေအနေကတွန်းပို့လို့ စင်မြင့်ပေါ်ရောက်ခဲ့ရတယ်။ တစ်ဖက် ကလည်း ဒီအလုပ်ကိုကျေးဇူးတင်မိတယ်။ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ တချို့သောကျွမ်းကျင်မှုတွေရရှိခဲ့ တာအမှန်ပါပဲ။
Image and video hosting by TinyPic


တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိတယ်။ သူကလက်ရှိသူ့ဘ၀ကို မကျေနပ်ဘူး။ တစ်နေ့မှာ ချမ်း သာကြွယ်ဝတဲ့ ကုန်သယ်ကြီးတစ်ယောက်ရဲ့အိမ်ရှေ့က သူဖြတ်လျှောက်မိတယ်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ အတွင်းထဲ သူလှမ်းမြင်ရတယ်။ သူဌေးကြီးပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေရော သူ့ဆီလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေရောပေါ့။

"အင်း၊ သူတို့ကျတော့လဲ သိပ်ကိုသြဇာတိက္ကမကြီးပေမှာပဲ" ကျောက်ဆစ်သမား တွေးတယ်။ သူ့စိတ်ထဲမှာ ကုန် သည်ကြီးကို အရမ်းအားကျလာတယ်။ သူ့လိုဖြစ်လိုက်ရရင်သိပ်ကောင်းမှာ၊ အဲဒါဆိုရင် အနုညာတကျောက်ဆစ် သမားဘ၀နဲ့နေရတော့မှာ မဟုတ်ဘူးလို့သူတွေးမိတယ်။ ဒီလိုတွေးနေရင်းက ရုတ်တရက်အံ့သြစရာ၊ သူကချက် ချင်းလက်ငင်းဆိုသလို ကုန်သည်ကြီးဘ၀ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ သြဇာတိက္ကမတွေဆိုတာ အို သူမျှော်လင့်တာထက်တောင်အများကြီးပိုသေးတယ်။ သူ့လောက်မချမ်းသာတဲ့လူတွေမြင်ရင် မနာလိုချင်စရာ တွေပေါ့။

ဒါပေမယ့်မကြာခင်ပဲ သူ့အိမ်ရှေ့ကအရာရှိကြီးတစ်ယောက်ဖြတ်သွားတယ်။ စီးတော်ကုလားထိုင်မှာအကျအန ထိုင်လို့၊ အထမ်းသမားတွေ နောက်လိုက်နောက်ပါတွေ ကိုယ်ရံတော်စစ်သည်တွေနဲ့။ မောင်းကြေးနင်းတီးခတ် သူက တီးခတ်လို့။ သူကြွချီတော်မူလာပြီဆိုရင် လမ်းဘေးဝဲယာရှိသူမှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွှတ် အရို အသေပြုရတယ်။

“အင်း၊ အရာရှိကြီးများ သိပ်တန်ခိုးကြီးပေတာပဲ၊ ငါသာ ထိပ်တန်းအရာရှိကြီးဖြစ်ရရင် သိပ်ကောင်းမှာ” ကုန်သည် ကြီးဖြစ်လာတဲ့ပုဂ္ဂိုလ်က တွေးပြန်တယ်။ အဲဒီမှာတင် သူထိပ်တန်းအရာရှိကြီးဖြစ်သွားပြန်တယ်။ အပြောက် အမွှမ်းတွေ ခြယ်သထားတဲ့စီးတော်ကုလားထိုင်မှာ ထိုင် လို့၊ သွားလိုသမျှနေရာကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်ကလူမှန်သမျှ သူကိုကြောက်ရွံ့လို့၊ မုန်းတီးလို့၊ သူဖြတ်သွားတဲ့လမ်းတစ်လျှောက် လည်း အားလုံးဦးညွှတ်လို့၊ အရိုအသေပြုလို့၊ အဲသလို။

ဒါပေမယ့် အဲဒီနေ့က နွေရာသီနေ့လယ်ခင်းဆိုတော့ အင်မတန်ပူတယ်။ စီးတော်ကုလားထိုင်က ရထားလုံးများလို လေးဘက်လေးတန်ကာ ရံထားတာဆိုတော့ အတွင်းမှာ လှောင်ကျပ်ပြီးချွေးတပြိုက်ပြိုက်နဲ့ အရမ်းအိုက်စပ်နေ တယ်။ အဲဒါနဲ့စီးတော်ယာဉ်ထဲကနေ နေကိုမော့ ကြည့်မိတယ်။ နေကကောင်းကင်မှာ အရောင်အ၀ါတောက်ပ စွားနဲ့ဝင့်ကြွားနေလိုက်တာ၊ သူလိုအရာရှိကြီးရှိနေတာကို စိုးစဉ်းမျှအသိ အမှတ်မပြုသလိုပဲ။

“နေဟာ တကယ်တန်ခိုးကြီးပါကလား၊ ငါသာနေဖြစ်လိုက်ရရင် ...”လို့အရာရှိကြီးတွေးလိုက်မိတယ်။ အဲဒီမှာ သူ နေဖြစ်သွားတယ်။ အောက်ကရှိရှိသမျှသတ္တ၀ါတွေအပေါ် တောက်ပပူပြင်းပြလိုက်၊ လယ်ကွင်းပြင်တွေကိုမြှိက် ထားသလို အပူတိုက်ပြလိုက်၊ လယ်သမားတွေ အလုပ်သမားတွေဆဲရေးသမျှကိုမသိကျိုးကျွန်ပြုနေလိုက်နဲ့ပေါ့။

ဟာ အဲဒီအချိန် သူနဲ့ကမ္ဘာအကြား ဧရာမတိမ်မည်းကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူ့ဆီကအရောင်အ၀ါတွေ အောက်ကဘယ်အရာပေါ်မှ မကျရောက်နိုင်တော့ဘူး။ “မိုးသားတိမ်တိုက်တွေဟာ တကယ်တန်ခိုးကြီးပါလား” သူတစ်မျိုးတွေးပြန်တယ်။ “ငါသာ တိမ်တိုက်ဖြစ်လိုက် ရင် သိပ်ကောင်းမှာ”စိတ်ထဲက ဆုတောင်းမိပြန်တယ်။ ဒီအခါ သူတိမ်တိုက်ဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ ကျေးရွာတွေအပေါ် အုပ်မိုးလို့။ လူတကာတွေက လှမ်း ကြည့်ဟစ်အော်လို့။

ဒါပေမယ့် မကြာခင်မှာပဲ သူ့ကိုအင်မတန်ကြီးမားပြင်းထန်တဲ့ အင်အားကြီးတစ်ခုက တွန်းရွှေ့မောင်းနှင်တာ သူခံ ရတယ်။ ကြည့်လိုက်တော့ “လေ”ဖြစ်နေတယ်။ “ဟာ၊ လေကမှ တကယ်အင်အားကြီးတာပါကလား၊ ငါ“လေ” ဖြစ်ချင်လိုက်တာ” သူတောင့်တပြန်တယ်။ ဒီအခါ သူလေဖြစ်သွားတယ်။ အရှိန်အဟုတ်နဲ့တိုက်ခတ်နေတဲ့ “လေပြင်း”၊ အိမ်ခေါင်မိုးအုတ်
ကြွပ်ပြားတွေတိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေ အမြစ်ပါလန်အောင်လှဲချပစ်တယ်။ အောက်မှာရှိသမျှ သတ္တ၀ါတွေကြောက်ရွံ့မုန်းတီးကြ။

ဒါပေမယ့် မကြာပါဘူး။ တုတ်တုတ်မှမလှုပ်တဲ့အရာတစ်ခုကိုသူသွားတိုက်မိတယ်။ မားမားစွင့်စွင့်မြင့်တဲ့ ကျောက် စိုင်ကျောင်းတုံးကြီး။ သူ ဘယ်လောက်အားနဲ့တိုက်ပေမယ့် ကျောက်တုံးက လုံးဝမဖြုန်ဘူး။ “ကျောက်စိုင်ကျောက် ခဲများဟာ တယ်လဲတန်ခိုးစွမ်းအားကြီးမားပါ ကလား၊ ငါလဲကျောက်စိုင်ကျောက်ခဲဖြစ်ချင်တယ်” ဆုတောင်း လိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာတန်ခိုးစွမ်းအားအကြီးမားဆုံးဆိုတဲ့ ဧရာမ ကျောက်တုံးကြီးတစ်တုံးသဖြစ်သွား တယ်။

ဒါပေမယ့် သူမားမားစွင့်စွင့်ကြီးရပ်နေဆီမှာပဲ အောက်ဘက်ဆီက တစ်ထောက်ထောက်အသံကြားရတယ်။ ဟာ၊ ငါ့ကိုယ်ကကျောက်စိုင် ကျောက်သားတွေကို တူတစ်လက် ဆောက်တစ်လက်နဲ့ထွင်းထုဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာ ကိုယ်ကြီး တဖြည်းဖြည်းပုံသဏ္ဍာန်ပြောင်းလာနေ ပါလားလို့ သူခံစားမိလိုက်တယ်။ အောက်ဘက်ငုံ့ကြည့်လိုက် တဲ့အခါ သူ့ခြေရင်းနားဆီမှာ လား လား၊ ကျောက်ဆစ်သမားတစ်ယောက်ပါ ကလား။ ။
{မူရင်း။ ။ Benjamin Hoff ၏ The Stonecutter}
ဖေမြင့် (နှလုံးသား အာဟာရစာအုပ်မှာ ကူးယူတင်ပြလိုက်ပါသည်)
Image and video hosting by TinyPic


သြော် ... တောင်ပိုင်းဒေသရယ်၊ မိုးရာသီတွေကုန်လွန်နေပါပြီ၊ ဆောင်းတွင်းရောက်လို့လာပြီမဟုတ်လား၊ အေးစက်သော (လေပြေ)လေးကို ခံယူချင်လှပြီ။ ပူအိုက်ခြင်း၊ စိုစွတ်ခြင်းများက ဒီဒေသတခုလုံးက တို့များကို (ငယ်နိုင်) တစ်ယောက်လိုပဲ အနိုင်ယူနေဆဲလား။ အချိန်တန်ပြီမို့ ကိုယ့်အိမ်ဖြစ်တဲ့ မိုးစက်များနားခိုရာ (မိုးစက်အိမ်) ကိုပြန်ကြပါတော့ကွယ်။ ကျန်ရှိနေသေးတဲ့အချိန်တိုတိုကာလမှာ တစ်မိုးလုံးထမင်းငတ်မ တတ်ဖြစ်ခဲ့ကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဆောင်းယွန်းလ)မှာ လုပ်ကိုင်စားသောက်ဖို့လိုနေပြီ။ အစိမ်းရောင် (အစိမ်းရောင် ကောင်မလေး) ချယ်သောနေ့ရက်တွေနဲ့အတူ၊ မိုးကောင်းကင် (မိုးထက်မြင့်) ထက်မှာ ကြယ်ကလေးများ (လင်းလက်ကြယ်စင်) လင်းလက်ကာ လမင်းကြီး (ညခင်းရဲ့လမင်း)ကထိန်ထိန် သာလို့ သာယာနေလို့ရှိရင် လူတွေအားလုံး အလုပ်နဲ့လက်မပြတ်သလို၊ ထမင်းနဲ့ဝမ်းလည်း မလတ်စေတော့ဘူးပေါ့ကွယ်။ လောကကြီးကို ပန်းရောင် (ပန်းရောင်ကောင်မလေး) မမြင်ရတဲ့ ပင်ပန်းခြင်းကြီးမားသော မြန်မာအလုပ်သမားများဟာ တနေ့နေ့ကျရင် ကိုယ့်တိုင်းပြည် ပြောင်းလဲလာပြီး အေးချမ်းတည်ငြိမ်စွာနေနိုင်လိမ့်မယ်လို့ စိတ်ကူးမျှော်မှန်း (စိတ်ကူးယဉ်အိပ်မက်) တွေရှိကြမကပဲ ဆုမွန်ကောင်းလည်း (မဆုမွန်) တောင်းလျက်ပါပဲလေ။ သူတို့ ကိုယ်တို့များရဲ့ဆုမွန်ကောင်းတောင်းခြင်းဟာ တနေ့နေ့တော့ (ပြည့်စုံ) လာလိမ့်လို့ယုံကြည်ပါ တယ်။
Image and video hosting by TinyPic





























ကျမတို့ဒေသမှာ အခု(တန်ဆောင်မုန်း)လအတွင်းမှာ ကထိန်ခင်းပွဲတွေများ လှပါတယ်။ ကျမတို့ပါတဲ့ပွဲကြီးတွေ တောင်မှ ၄-၅ ပွဲဖြစ်နေပြီ၊ ပွဲတိုင်းလိုလို လူပေါင်းထောင်နဲ့ချီပြီးလာရောက်လှူဒါန်းကြတယ်။ ကျမတို့ဇနီးမောင်နှံ အနေနဲ့ပါဝင် လှူဒါန်းတဲ့ကထိန်ခင်းပွဲကတော့ ၅-၁၀-၀၉ နေ့မှာ နမ္မခင်း ကျေးရွာလူမှုကူညီရေးသင်းက ကြီးမှူးကျင်းပတုန်းကတစ်ခါ၊ ၁၁- ၁၀-၀၉ ဘန်မွမ်းဝါးတောကျောင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား များဦးစီးကျင်း ပတုန်းကတစ်ခါ၊ ၁၆-၁၀-၀၉ ဘန်မလွန်ကျောင်းတကာ၊ တကာမများဦးစီး ကျင်းပတုန်းကတစ်ခါ၊ ၂၄-၁၀-၀ ကူရဘူရီကျောင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဦးစီးကျင်းပတုန်းကတစ်ခါဖြစ်ပါတယ်။ အခုလာမယ့် ရှေ့ အပတ် ၃၁-၁၀-၀၉ ရက်နေ့မှာလည်း အခြားနေရာတခုမှာ ကထိန်သင်္ကန်း လှူကပ်ပွဲရှိသေးတယ်၊ သွားဖြစ်ဖို့များ နေပါတယ်။

လူဖြစ်ရတဲ့ဘ၀တစ်ခဏတာလေးမှာ ကောင်းမှုကုသိုလ်များများလုပ်နိုင်ဖို့၊ လုပ်တဲ့ကုသိုလ်တိုင်းမှာလည်း သဒ္ဓါတရားအပြည့်ရှိဖို့ကို အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ လူတိုင်းတတ်နိုင် သမျှကောင်းမှုကုသိုလ်များများလုပ် နိုင်ကြပါစေ၊ လုပ်တိုင်းလည်း သဒ္ဓါတရားပြည့်ဝကြပါစေ။
Image and video hosting by TinyPic